နောက်ခံသမိုင်းကြောင်းများ

အစိုးရနည်းပညာအထက်တန်းကျောင်း(ပြည်)ကို ၂၀၀၉ခုနှစ်၊ မေလ၊(၅)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။အစိုးရနည်းပညာအထက်ကျောင်း(ပြည်)တွင် မေဂျာကြီး၅ခုဖြင့် သင်ကြားပေး လျှက်ရှိပါသည်။သင်ကြားပေးလျှက်ရှိသောမေဂျာများမှာ အဆောက်အဦနည်းပညာသင်တန်း၊အီလက်ထရောနစ်နည်းပညာသင်တန်း၊ မော်တော်ယာဥ်နည်းပညာသင်တန်း၊ လျှပ်စစ်နည်းပညာ သင်တန်းနှင့် သုတနည်းပညာသင်တန်း တို့ဖြစ်ပါသည်။ ထို့အပြင် ကာလတိုသင်တန်းများကိုလည်း အစိုးရ နှင့် အစိုးရ မဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဖွင့်လှစ်သင်ကြားပေး လျှက်ရှိပါသည်။

ကျောင်း၏တည်နေရာ

အစိုးရနည်းပညာအထက်တန်းကျောင်း(ပြည်)သည် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့တွင်တည်ရှိပါသည်။ရန်ကုန်-မကွေး ကားလမ်းဘေး၊ကွန်ပျူတာတက္ကသိုလ်(ပြည်) ၏ နောက်ကျောဘက်တွင် တည်ရှိပါသည်။ အကျယ်အဝန်းအားဖြင့် (၂.၈၃)ဧကခန့် ကျယ်ဝန်းပါသည်။