အစိုးရနည်းပညာအထက်တန်းကျောင်း (ပြည်)တွင်ကာလတိုသင်တန်းများကို(၂၀၁၅-၂၀၁၆) ပညာသင်နှစ်မှစတင်၍ဖွင့်လှစ်ခဲ့ပါသည်။
အခြေခံကွန်ပျူတာသင်တန်းကို အပတ်စဉ်( ၁ ) မှ (၁၇) ထိ အစိုးရ နည်းပညာ အထက်တန်းကျောင်း (ပြည်) သုတနည်းပညာဌာနတွင် ဖွင့်လှစ်နိုင်ခဲ့ပါသည်။ ကာလတို (၁)လသင်တန်းဖြစ်ပြီး နာရီပေါင်း(၃၂)နာရီ သင်ကြားပေးပါသည်။Microsoft Office Word, Excel, PowerPoint အခြေခံများ သင်ကြားပေးပြီး ပညာအရည်အချင်းသတ်မှတ်ချက်မှာ အခြေခံပညာအထက်တန်းအဆင့် ရှိရပါမည်။အပတ်စဉ်တစ်ခုလျှင် သင်တန်းသားဦးရေ (၂၅)ယောက် လက်ခံသင်ကြားပေးလျှက်ရှိပါသည်။
ဆရာ/ ဆရာမ များအတွက်လည်း ICT သင်တန်းများ ဖွင့်လှစ်သင်ကြားပေးခဲ့ပါသည်။
သင်တန်းပြီးဆုံးပါက သင်တန်းဆင်းလက်မှတ် ရရှိပါသည်။