အမေးအဖြေကဏ္ဍ

အစိုးရနည်းပညာအထက်တန်းကျောင်း (ပထမနှစ်)ဝင်ခွင့်

စနစ်သစ်တွင် ဒသမတန်း(၁၀တန်း)အောင်မြင်ပြီးသူ / စနစ်ဟောင်းတွင် အဌမတန်း(၈)တန်း အောင်မြင်ပြီးသူများ တက်လို့ရပါသည်။
ဟုတ်ကဲ့ပါ။ ဝင်ခွင့်ဖြေဆိုရန် လိုအပ်ပါသည်။
အဌမတန်း(၈တန်း) တွင် သင်ကြားသော အင်္ဂလိပ်စာ နှင့် သင်္ချာ ဘာသာရပ်များကို လေ့လာထားရန် လိုအပ်ပါသည်။
ဖွင့်လှစ်မည့်သင်တန်းများမှာ ၁။ အဆောက်အဦနည်းပညာသင်တန်း (Building Technology) ၂။ အီလက်ထရောနစ်နည်းပညာသင်တန်း (Electronics Technology) ၃။ လျှပ်စစ်နည်းပညာသင်တန်း (Electrical Technology) ၄။ မော်တော်ယာဉ်နည်းပညာသင်တန်း (Auto Mechanics Technology) ၅။ သုတနည်းပညာသင်တန်း (Information Technology)
(က) သက်ဆိုင်ရာကျောင်းအုပ်ကြီး၏အဌမတန်းအောင်မြင်ကြောင်း ထောက်ခံစာ မူရင်း (ထောက်ခံစာတွင် မွေးသက္ကရာဇ်ပါရမည်) (ခ) မိဘနှစ်ပါးနှင့် ကျောင်းသား ၏ မှတ်ပုံတင် မိတ္တူ (ဂ) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၏အကျင့်စာရိတ္တကောင်းမွန်ကောင်း ထောက်ခံစာမူရင်း (ဃ) ရဲစခန်းထောက်ခံစာမူရင်း (င) အိမ်ထောင်စုဇယား မိတ္တူ (စ) လိုင်စင်ဓါတ်ပုံ (၅)ပုံ (ရှပ်အင်္ကျီအဖြူ) အကျင့်စာရိတ္တကောင်းမွန်ပြီး ကိုယ်လက်အင်္ဂါကောင်းမွန်သူ ဖြစ်ရမည်။
သတင်းစာများ၊ ကျောင်း၏ ဖေ့ဘုတ် စာမျက်နှာနှင့် website များတွင် ကြေညာ ထားပါမည်။
ပေးထားသောLink ကို နှိပ်ပြီး download ရယူနိုင်ပါသည်။ Download Here

ကာလတို(၁)လသင်တန်းဝင်ခွင့်

အစိုးရနည်းပညာအထက်တန်းကျောင်း (ပြည်) တွင် လျှောက်လွှာယူ၍ လျှောက်ထားနိုင်ပါသည်။ ဤနေရာတွင် လျှောက်လွှာအား download ရယူနိုင်ပါသည်။Download here
ကျောင်း၏ ဖေ့ဘုတ် စာမျက်နှာနှင့် website များတွင် ကြေညာ ထားပါမည်။
(၁) အိမ်တွင်းလျှပ်စစ် သွယ်တန်းခြင်းသင်တန်း (၂) အခြေခံကွန်ပျူတာသင်တန်း (၃) လယ်ယာသုံးစက်ကိရိယာပြုပြင်ခြင်း သင်တန်း တို့ကို ဖွင့်လှစ် သင်ကြားလျှက်ရှိပါသည်။ မိမိနှစ်သက်ရာ သင်တန်းများသို့ ဝင်ရောက် လျှောက်ထားနိုင်ပါသည်။