အခြေခံလက်သမားသင်တန်း

အစိုးရနည်းပညာအထက်တန်းကျောင်း (ပြည်)တွင်ကာလတိုသင်တန်းများကို(၂၀၁၅-၂၀၁၆) ပညာသင်နှစ်မှစတင်၍ဖွင့်လှစ်ခဲ့ပါသည်။

အခြေခံလက်သမားသင်တန်းကို အပတ်စဉ်( ၅ )နှင့် (၁၁) တွင် အစိုးရ နည်းပညာ အထက်တန်းကျောင်း (ပြည်) အဆောက်အဦနည်းပညာဌာန၌ ဖွင့်လှစ်နိုင်ခဲ့ပါသည်။ ကာလတို (၁)လသင်တန်းဖြစ်ပြီး နာရီပေါင်း(၃၂)နာရီ သင်ကြားပေးပါသည်။ အခြေခံအားဖြင့် ရွေဘော်ထိုးခြင်း ၊ Joint ဆက်များပြုလုပ်ခြင်း၊ ကုလားထိုင်ပြုလုပ်ခြင်း၊ခွေးခြေထိုင်ခုံ ပြုလုပ်ခြင်း၊စားပွဲပြုလုပ်ခြင်း၊ပန်းကန်စင်ပြုလုပ်ခြင်း၊ပစ္စည်းများကို ကော်ပတ်စား-ဆေးသုတ်ခြင်းများ သင်ကြားပေးပါသည်။ပညာအရည်အချင်းသတ်မှတ်ချက်မရှိပါ။အပတ်စဉ်တစ်ခုလျှင် သင်တန်းသားဦးရေ (၁၀)ယောက် လက်ခံသင်ကြားပေးလျှက်ရှိပါသည်။

သင်တန်းပြီးဆုံးပါက သင်တန်းဆင်းလက်မှတ် ရရှိပါသည်။