အစိုးရနည်းပညာအထက်တန်းကျောင်း (ပြည်)တွင် ကာလတိုသင်တန်းများကို (၂၀၁၅-၂၀၁၆) ပညာသင်နှစ်မှ စတင်၍ဖွင့်လှစ်ခဲ့ပါသည်။
အခြေခံဖုန်းပြင်သင်တန်းကို အပတ်စဉ်( ၁၅ ) နှင့် (၁၆) တွင် အစိုးရ နည်းပညာ အထက်တန်းကျောင်း (ပြည်) အီလက်ထရောနစ်နည်းပညာဌာနတွင် ဖွင့်လှစ်နိုင်ခဲ့ပါသည်။ ကာလတို (၁)လသင်တန်းဖြစ်ပြီး နာရီပေါင်း(၃၂)နာရီ သင်ကြားပေးပါသည်။
အခြေခံအားဖြင့် -Software သမားများ သိထားရမည့် Mobile Phone Service Mode များကိုလေ့လာသင်ယူစေခြင်း၊ Firware Upgrade နှင့် Restore လုပ်ခြင်း၊ User Lock ကျ ဖုန်းများကို Pattern, Pin, Password များကိုဖြုတ်ခြင်း၊ Adb Command အသုံးပြုနည်း၊Fastboot Command အသုံးပြုနည်း ၊ Frap Lock ဖြုတ်နည်း၊ IOS များ Firware နည်း၊Apple Account ဖွင့်နည်းများ၊ Onlineအသုံးပြု၍ မိမိကိုယ်တိုင် Solution ရှာနည်းများသင်ကြားပေးပါသည်။
ပညာအရည်အချင်းသတ်မှတ်ချက်မှာ ကွန်ပျူတာအခြေခံရှိပြီး အခြေခံပညာအထက်တန်းအဆင့် ရှိရပါမည်။အပတ်စဉ်တစ်ခုလျှင် သင်တန်းသားဦးရေ (၁၀)ယောက် လက်ခံသင်ကြားပေးလျှက်ရှိပါသည်။
သင်တန်းပြီးဆုံးပါက သင်တန်းဆင်းလက်မှတ် ရရှိပါသည်။