လယ်ယာသုံးစက်ကိရိယာပြုပြင်ထိန်းသိမ်းခြင်းသင်တန်း

အစိုးရနည်းပညာအထက်တန်းကျောင်း (ပြည်)တွင်ကာလတိုသင်တန်းများကို(၂၀၁၅-၂၀၁၆) ပညာသင်နှစ်မှစတင်၍ဖွင့်လှစ်ခဲ့ပါသည်။

လယ်ယာသုံးစက်ကိရိယာပြုပြင်ထိန်းသိမ်းခြင်းသင်တန်းကို သင်တန်းအကြိမ်ရေ(၁၀)ကြိမ်အဖြစ် အစိုးရနည်းပညာအထက်တန်းကျောင်းရှိ မော်တော်ယာဉ်နည်းပညာဌာနတွင် ဖွင့်လှစ်နိုင်ခဲ့ပါသည်။ကာလတို (၁)လသင်တန်းဖြစ်ပြီး နာရီပေါင်း(၃၂)နာရီ သင်ကြားပေးပါသည်။

လယ်ယာသုံးစက်ကိရိယာ ပြုပြင်ထိန်းသိမ်းခြင်းသင်တန်းမှ အောက်ပါအကြောင်းအရာများကို သင်ကြားပေးပါသည်။

Single cylinder diesel engine နှင့် single cylinder petrol engine အစိတ်အပိုင်းများအား ရှင်းပြခြင်း
Single cylinder diesel engine (18 HP)အား ဖြုတ်/တပ် စစ်ဆေးပြုပြင်ခြင်း
Single cylinder petrol engine အား ဖြုတ်/တပ် စစ်ဆေးပြုပြင်ခြင်း
လက်တွန်းထွန်စက် မောင်းနှင်ပုံအား သင်ကြားခြင်း
ထော်လာဂျီမောင်းနှင်ပုံအား သင်ကြားခြင်း

သင်တန်းသားဦးရေ (၂၅)ယောက် လက်ခံသင်ကြားပေးလျှက်ရှိပါသည်။ပညာအရည်အချင်း သတ်မှတ်ချက်မရှိပါ။

သင်တန်းပြီးဆုံးပါက သင်တန်းဆင်းလက်မှတ် ရရှိပါသည်။