မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းခြင်းသင်တန်း

အစိုးရနည်းပညာအထက်တန်းကျောင်း (ပြည်)တွင်ကာလတိုသင်တန်းများကို(၂၀၁၅-၂၀၁၆) ပညာသင်နှစ်မှစတင်၍ဖွင့်လှစ်ခဲ့ပါသည်။

မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းခြင်းသင်တန်းကို အပတ်စဉ်(၁)အဖြစ် ၂၀၁၉ခုနှစ်တွင် အစိုးရနည်းပညာအထက်တန်းကျောင်းရှိ မော်တော်ယာဉ်နည်းပညာဌာနတွင် ဖွင့်လှစ်နိုင်ခဲ့ပါသည်။ကာလတို (၁)လသင်တန်းဖြစ်ပြီး နာရီပေါင်း(၃၂)နာရီ သင်ကြားပေးပါသည်။

မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းခြင်းသင်တန်းမှ အောက်ပါအကြောင်းအရာများကို သင်ကြားပေးပါသည်။

သင်တန်းမိတ်ဆက်နှင့် လုံခြုံရေး
Hand Tools များ၏အခေါ်အဝေါ်နှင့်အသုံးပြုပုံ
4 Stoke cycle operation
Carburetor ဖြုတ်/တပ် စစ်ဆေးပြုပြင်ခြင်း
DI and IDI အကြောင်းရှင်းပြပြီး Pintle type nozzleနှင့် Hole type nozzleတို့အား ဖြုတ်/တပ် စစ်ဆေးပြုပြင်ခြင်း
ဂီယာဘောက်အလုပ်လုပ်ပုံအား ရှင်းပြခြင်း
Fuel Injection Pumpအား ဖြုတ်/တပ် စစ်ဆေးပြုပြင်ခြင်း
Value Clearance ချိန်ညှိခြင်း

သင်တန်းသားဦးရေ (၂၅)ယောက် လက်ခံသင်ကြားပေးလျှက်ရှိပါသည်။ပညာအရည်အချင်း သတ်မှတ်ချက်မရှိပါ။

သင်တန်းပြီးဆုံးပါက သင်တန်းဆင်းလက်မှတ် ရရှိပါသည်။