ခေါင်းလျှော်ရည်နှင့်ဆပ်ပြာရည်အမျိုးမျိုးပြုလုပ်ခြင်းသင်တန်း

အစိုးရနည်းပညာအထက်တန်းကျောင်း (ပြည်)တွင်ကာလတိုသင်တန်းများကို(၂၀၁၅-၂၀၁၆) ပညာသင်နှစ်မှစတင်၍ဖွင့်လှစ်ခဲ့ပါသည်။

ခေါင်းလျှော်ရည်နှင့်ဆပ်ပြာရည်အမျိုးမျိုးပြုလုပ်ခြင်းသင်တန်းကို (၂၀၁၉-၂၀၂၀)ပညာသင်နှစ်တွင် အပတ်စဉ် (၁) အဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး နာရီပေါင်း(၂၄)နာရီသင်ကြားခဲ့ပါသည်။သင်တန်းသားဦးရေ(၄၉)ဦး တက်ရောက်ခဲ့ပါသည်။ပညာအရည်အချင်းသတ်မှတ်ထားခြင်းမရှိပါ။သင်တန်းတွင် ဘက်စုံသုံးဆပ်ပြာ၊မျက်နှာသစ်ဆပ်ပြာ၊ပန်ကန်ဆေးဆပ်ပြာရည်၊မှန်ကြည်ဆေးရည်၊လက်ဆေးဆပ်ပြာ၊ရေချိုးဆပ်ပြာ၊ခေါင်းလျှော်ရည်နှင့်ဖယောင်းတိုင်ပြုလုပ်ခြင်းများ သင်ကြားပေးပါသည်။

သင်တန်းပြီးဆုံးပါက သင်တန်းဆင်းလက်မှတ် ရရှိပါသည်။